!-kp3နည်းပညာ-http:>
Saturday, November 23, 2013
USB Drive ရဲ့လျှို့ဝှက်ချက်များ
ဘလော့လ်အားလုံးကြည့်ရန်
အသုံးဝင်တဲ့လျှို့ဝှက်ချက်ဆိုတော့ အသုံးဝင်တာပဲပြောပါမယ်။ USB Drive ကို
Icon အနေနဲ့ သုံးနိုင်ပါတယ်။ တကယ်လို့ ကွန်ပျူတာမှာ USB Hub
တစ်ခုကိုသုံးစွဲမယ်ဆိုရင် နောက်ပြီး USB အများကြီးနဲ့ MultipleUSB Port
တွေထားရှိသုံးစွဲမယ်ဆိုရင် အဲဒီ Port ကိုကွဲပြားခြားနားတဲ့ Icon တွေ
အဖြစ်ပေးထားလို့ရ ပါတယ် ။ လွယ်တာကတော့ R-Click> Custom Icon
ကနေပေးထားတဲ့ပုံစံထဲကတစ်ခုချိန်းယူတာမျိုးပါ ။နောက်ထပ်
လုပ်ဆောင်နိုင်တာကတော့ (.ico) Format ကို Drive ထဲ အရင်ထည့်ထားပြီး မှ
ပြောင်းတာပါ။
Convert icon ဆော့ဝဲလေးကနေလည်း format ပြောင်းယူနိုင်ပါတယ် ။ Icon
တွေကွဲပြား စွာပြပေးနေမှာဖြစ်လို့ ဘယ် USB ကဘာ file တွေပါတယ်ဆိုတာ
အလွယ်တကူသိနိုင်ပါတယ်။Google OSကို USB Drive မှာထည့်ပြီး
လိုအပ်တဲ့အခါထုတ်သုံးနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Custom
ပြုလုပ်ထားနိုင်ပါတယ်။ Open Source OS တစ်ခုလည်းဖြစ်ပါတယ်။Democary Key
ကိုဒေါင်းလုပ်ချပြီး stick ထဲထည့်ထားပါ ။ Windows ပေါ်မှာ Web Application
တစ်ခုလိုအသုံးပြုနိုင်ပါတယ် ။ မေးလ်စစ်တာ ၊ကိုယ်ရေးကိုယ်တာတွေကို Encrypt
လုပ်တာနဲ့ Browse လုပ်တာတွေဝန်ဆောင်ပေးနိုင်ပါတယ်။လုံခြုံမှုလည်းရှိပါတယ်။
XBMC Media Player ကို Drive ထဲထည့်ထားမယ်ဆိုရင် Net Book မှာပဲဖြစ်ဖြစ်
Laptop မှာပဲဖြစ်ဖြစ်Media File တွေကိုလွယ်လွယ်ကူကူ
ကြည့်ရှုခံစားနိုင်ပါတယ်။ကိုယ့် Thumb Drive ထဲမှာ Ubunutu ကိုထည့်သွင်းထား
မယ် ဆိုရင်Windows ရဲ့ Error တွေအားလုံးကိုUbunutu ကတစ်ဆင့် Boot
လုပ်ပြီးဝင်ကြည့်ရင်း ပြင်ဆင်နိုင်ပါ တယ်။အသေးစိတ်လုပ်ဆောင်ချက်တွေကိုတော့
www.lifehacker.com မှာ ၀င်ကြည့်လို့ရပါတယ်။
www.portableapps.com ကနေ အလွယ်တကူသုံးလို့ ရတဲ့ ဆော့ဝဲလေးတွေကို
ရယူထည့်သွင်းထားမယ်ဆိုရင် windows ရဲ့ Memory
ကိုချွေတာရာရောက်ပြီးပိုမိုမြန်ဆန်စွာအသုံပြုနိုင်စေပါမယ်။USB Safeguard
ဆော့ဝဲလေး က ကိုယ့်စတစ်ကို လုံခြုံအောင်ဖန်တီးပေးနိုင်ပါတယ် ။အရေးကြီးတဲ့
ဒေတာတွေကို စတစ်ထဲထည့်ပြီး ဖိုင်ကိုဝှက် ထားတာမျိုးတွေ ပုံစံဖျောက်ထားတာ
မျိုးတွေPassword ပေးထားတာမျိုးတွေလုပ်လို့ ရပါတယ်။
Data တွေကိုလွယ်ကူစွာသယ်လို့ပို့လို့လည်းရတယ်နော် ။။ခုဆိုရင် USB 3.0
အမြန်နှုန်းပါ ရနေပါပြီ။Linux အနွယ် ၀င်တွေမှာ Portable Linux OS(Eg- Slax ,
OS-X) ရှိတဲ့အတွက် Drive ထဲထည့်ထားပြီး Virus ရှိနိုင်တဲ့ စက်တွေအကြားမှာ
အဆင်ပြေစွာ ဒေတာကူးပြောင်းနို င်ပါတယ် ။ Linux ပေါ်မှာ Virusအများ
စု(မရှိသလောက်ပဲ) အလုပ်မလုပ်ဖူးလေ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment