Monday, May 26, 2014

Facebook Page မှာ Admin အဖြစ်ခန့်အပ်ခြင်း


ကျွန်တော်တို့ Facebook မှာ Page ထောင်ထားသူများအတွက် အသုံးဝင်မယ့် Post တစ်ခုပါ၊၊
သိပြီးသားဆိုရင်လည်း ကျော်ဖတ်သွားပါ၊၊မသိသေးသောသူများအတွက် ရည်ရွယ်ပြီး ကြိုးစားရေးထားပါတယ်ဗျ၊၊တစ်ကယ်လို့ အမှားအယွင်းပါရင် နားလည်ခွင့်လွှတ်ပေးပါ၊၊
ကျွန်တော် Post တစ်ခုကို ရေးရင် အရမ်းမဲ့ မရေးပါဘူး၊၊ကျွန်တော့် Page က Member ဝင်များ သိရှိနားလည်စေရန် ပုံနဲ့တစ်ကွ အဆင့်ဆင့်လုပ်တတ်စေရန် ပြသ ရေးပြထားပါတယ်ဗျ၊၊
ကျွန်တော်တင်သမျှ Post တိုင်းကို Member ဝင်များ သတိထားမိမှာပါ၊၊Post တစ်ခုကို ရေးဖို့အရေး တစ်ကယ်ကို မလွယ်ကူပါဘူးဗျ၊၊တစ်ခုချင်းစီ ရှင်းပြဖို့အတွက် Screen Shoot ရိုက်ရပါတယ်၊၊လိုင်းမကောင်းတဲ့ကြားထဲက လုပ်ရတာ အဆင်မပြေလှပါဘူးဗျ၊၊ဒီ Post ကို ရေးဖို့ Screen Shoot ပုံတွေပေါ်မှာ စာပြန်ရေးရပါတယ်၊၊စာပြန်ရေးလို့ပြီးရင် Post တင်ဖို့အတွက် စာထပ်ရေးရပြန်ပါတယ်ဗျ၊၊Post အတွက်ရေးပြီးရင် Page မှာ တင်ရပါတယ်၊၊
ပြီးတော့ ကျွန်တော် Facebook မှာ Page ထောင်ပြီး Posts များရေးတာ ဒီနေ့နဲ့ဆို တစ်လ ရှိပါပြီဗျ၊၊တစ်လ အတွင်းမှာ internet သုံးတာ Phone Bay 50000 ကုန်သွားပါပြီ၊၊လိုင်းမကောင်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်ရည်ရွယ်တဲ့ ဦးတည်ချက်မရောက်တာက ပိုဆိုးပါတယ်၊၊
ကျွန်တော့်Page မှာ ဝင်ရေးတဲ့ Adminများလဲ ဒီအတိုင်းပါပဲဗျ၊၊သူတို့တစ်တွေလဲ Ph Bay ကုန်ပါတယ်၊၊ဒါ ကျွန်တော် ငြီးပြတာမဟုတ်ပါဘူး၊၊ဝါသနာကြားက မျှဝေပေးနေရတာပါ၊၊
ဖုန်းဘေ ကုန်လို့ Post မတင်တော့ဘူးလားဆိုတော့ Post တွေကို ဆက်တင်ပေးနေဦးမှာပါ၊၊
ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းများကို သိစေချင်လို့ ကျွန်တော်ပြောပြပေးတာပါဗျ၊၊ကျွန်တော်တို့အတွက် ငွေကြေးအကျိုးအမြတ် တစ်ပြားမှမရှိ၊ကြော်ငြာဝင်ငွေမရှိ ဘာတစ်ပြားတစ်ချပ်မှ မဝင်ပါဘူးဗျာ၊၊
ကျွန်တော်ရဲ့ ဝါသနာကြောင့်သာ သူငယ်ချင်းတို့ကို ပြန်လည်မျှဝေနေခြင်း ဖြစ်ပါတယ်၊၊ကိုယ်သိသလို သူများတွေလဲ သိပါစေဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်အမြဲထားပါတယ်ဗျ၊၊
သိကြပါ၊၊ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျ၊၊
ကဲ စမယ်၊၊
အဆင့်(၁)၊၊ ၊၊Page Manager ထဲဝင်လိုက်ပါ၊၊ဘေးနားက လိုင်းသုံးကြောင်းနေရာ Menu နေရာကို နှိပ်ပေးပါ၊၊
အဆင့်(၂)၊၊ ၊၊Edit Page ထဲသို့ ဝင်ပေးပါ၊၊
အဆင့်(၃)၊၊ ၊၊loading လုပ်နေစဉ် ခဏစောင့်ပေးပါ၊၊
အဆင့်(၄)၊၊ ၊၊Edit Page Roles ထဲသို့ ဝင်လိုက်ပါ၊၊
အဆင့်(၅)၊၊ ၊၊loading လုပ်နေစဉ် ခဏစောင့်ပါ၊၊
အဆင့်(၆)၊၊ ၊၊Add Person to Page ကိုနှိပ်လိုက်ပါ၊၊
အဆင့်(၇)၊၊ ၊၊ခဏစောင့်ပါ၊၊
အဆင့်(၈)၊၊ ၊၊ကိုယ့်ရဲ့ Facebook Password ကို ထည့်ပေးပါ၊၊
အဆင့်(၉)၊၊ ၊၊ခဏစောင့်ပါ၊၊
အဆင့်(၁၀)၊၊ ၊၊Enter the name of a friend ဆိုတဲ့ Box မှာ ကိုယ် Admin ပေးမည့်သူ နာမည်ကို ရှာပါ၊၊အင်္ဂလိပ်နာမည်ဆိုလျှင် အစစာလုံးက စပြီး ဖြည်းဖြည်းချင်းရိုက်ပေးပါ၊၊မြန်မာစာလုံးဆိုလျှင်လည်း ဖြည်းဖြည်းချင်းရိုက်ပေးပါ၊၊အမြန်မရိုက်ပါနဲ့ဗျ၊၊
အဆင့်(၁၁)၊၊ ၊၊အစစာလုံး ရိုက်လိုက်တာနဲ့ Facebook က ကိုယ်ရိုက်တဲ့ စာလုံးရဲ့ နာမည်တွေ အကုန်ထွက်လာမှာပါ၊၊ကိုယ်Admin ထားချင်သူကို ရွေးပြီး နှိပ်ပေးပါ၊၊တစ်ခါတစ်လေ ကိုယ်နာမည်အစစာလုံး ရိုက်လိုက်ပေမယ် နာမည် မပေါ်တတ်ပါဘူး၊၊အဲဒီလိုမျိုးဖြစ်နေရင် ဖုန်းရဲ့ back နဲ့ တစ်ချက်ထွက်ပြီး ပြန်ဝင်၊Admin နာမည်ပြန်ရှာပါ၊၊
အဆင့်(၁၂)၊၊ ၊၊Facebook က ကိုယ်ရွေးလိုက်တဲ့သူကို Admin အဖြစ်ခန့်မှာလား ဆိုပြီး File ထွက်လာပါမယ်ဗျ၊၊File ရဲ့ အောက်က Add ကို နှိပ်ပေးပါ၊၊
ခဏစောင့်ပေးပါ၊၊
Edit Page Roles နေရာမှာ Admin အဖြစ် ခန့်ထားပြီးကြောင်း ပြထားပါလိမ့်မယ်ဗျ၊၊
ပြီးလျှင် ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး Page Manager မှ ထွက်လိုက်ပါ၊၊
Ok၊၊ပြီးသွားပါပြီဗျ၊၊
Facebook မှ ကိုယ်ခန်အပ်လိုက်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းဆီမှာ Gmailကော၊၊သူရဲ့ Noti မှာ သွားရောက်အကြောင်းကြားပေးပါလိမ့်မယ်ဗျ၊၊Facebook Menu Page နေရာမှာ ကိုယ့်ရဲ့ Page ရောက်ရှိပြီး Postsများ စတင်ရေးသား နိုင်ပါပြီဗျ၊၊
okပါနော်၊၊
...................................... +...................................................................

မူရင်းပို့စ် ပိုင်ရှင်ကို လေးစားစွာ credit ပေးပါသည် ခင်ဗျာ..။
နည်းပညာလောကထဲက ပုရွက်ဆိတ်လေး

Saturday, May 24, 2014

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းနည်း

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြချင်ပါတယ်.. အားလုံးအတွက် အဆင်ပြေ၊ မပြေမသိရပေမယ့် တော်တော်များများအဆင်ပြေပါတယ်.. phone က root access ရှိဖို့လိုပါတယ် root ၇ှိရင်တော့  root explorer သုံးပြီး system/etc ထဲက hosts ကို delete လုပ်ပေးပါ google app တွေကိုလည်း clear data လုပ်ပေးပြီး restart လုပ်ပေးပြီး ပြန်ဝင်ကြည့်ပါ



နည်းလမ်းဖေါ်ပြပေးတဲ့ mmpx team ကိုကျေးဇူးတင်ပါတယ်...

အဆင်ပြေပါစေ..

မူရင်း ပို့စ်ပိုင်ရှင်ကို လေးစားစွာ creadit ပေးပါသည် ခင်ဗျာ....။

...............နည်းပညာလောကထဲက ပုရွက်ဆိတ်ကလေး ..........................

Android 4.0 အထက်တွေမှာ Data သိပ်မသုံးရဘဲ Memory Full ဖြစ်ရင် ဖြေရှင်းနည်း တစ်ခု

2.3 တွေတော့မမှတ်မိတော့ဘူးဗျ 4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6 Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ ကိုယ်လိုလူတွေအများကြီးတွေ့တယ်ဗျ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ အဆင်ပြေတဲ့နည်းလေးတွေ့တယ်ဗျ အဲ့ဒါကတော့ root explorer နောက်ဆုံး ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော် သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ အဆင်မပြေသူများရှိရင် စိတ်မကောင်းပါဘူး


အဆင်ပြေကြပါစေ ခင်ဗျာ...။
မူရင်း ပို့စ်ပိုင်ရှင်ကို လေးစားစွာ creadit ပေးပါသည် ခင်ဗျာ..။
.................................... နည်းပညာလောကထဲက ပုရွက်ဆိတ်လေး .......................

Friday, May 23, 2014

Service သမားများအတွက်အသုံးဝင်RootToolsများ

ကိုကိုမမများအားလုံးမင်္ဂလာပါ
အခုတင်ပေးမှာကService သမားတွေအတွက်အသုံးဝင်မဲ့Root Toolsတွေပါ

Android OS စမတ်ဖုန်းအသုံးပြုသူတွေအတွက် အသုံးဝင်  Root Tools များနှင့် Recovery Tools များ....
-All-in-one Recovery v1.5 exe
-Eroot v1.2 exe
-ERoot v1.0.14 exe
-MTK Root Super Su.zip
-romaster_306
-Sansung All in One Recovery v1.0
-SRS Root Setup
-Super One-click v2.3.3
-VRoot
-Myandroid tool
-Y210 series root ( Password- MMSD)
-Huawei flash tool
ဒီမှာဒေါင်းပါနော်>>>>>Download Here 

သက်ဆိုင်ရာ ပို့စ်ပိုင်ရှင်အား လေးစားစွာ creadit ပေးပါသည် ခင်ဗျာ..။

.............................နည်းပညာလောကထဲက ပုရွက်ဆိတ်လေး ......................................

Facebook အတွက်သိထားရမယ့် အချက် (၈)ချက်


Facebook အသုံးပြုနေကြသူများထဲတွင် မသိသေးတဲ့ သူငယ်ချင်းများအားလုံးအတွက် မျှဝေးထားတာပါ။ လက်တွေ့ လုပ်ကြည့်လိုက်ကြပါ။
(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်
Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။
(၂) Comment တွေဖျက်ဖို့ 
Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။
(၃) သင့်ပုံ သူများ မမြင်စေချင်ရင်
ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tagလုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်
Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာတစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။
(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်
Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friends
တွေကပဲ သင့်ကို ရှာတွေ့ မှာပါ။
(၆) Facebook Layout ပြောင်းရန်
Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။
(၇) Friends List ကို ဖျောက်ချင်ရင်
Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက်ရွေးလိုက်ပေါ့။
(၈) Game မကစားတော့ဘူးဆိုရင်
Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။
အားလုံးအဆင်ပြေချမ်းမြေ့ပါစေ...။
မူရင်း ပို့စ် ပိုင်ရှင်အား creadit ပေးပါတယ် ခင်ဗျာ...။


.......................... နည်းပညာလောကထဲက ပုရွက်ဆိတ်လေး ............................

IOS 7 နှင့်အထက်မှာ မိမိစိတ်ကြိုက် Font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းခြင်း


iOS 7 နှင့်အထက်မှာ ဇော်ဂျီ font ကို Jailbreak မလိုဘဲထည့်သွင်းနိုင်ပြီဆိုတာကတော့ သိသူတွေများကြပါတယ်။
ဒါတင်မက မိမိစိတ်ကြိုက် font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းနိုင်ပြီဆိုတာ သိသူ နည်းနေပါသေးတယ်။
ဧပြီလကုန်လောက်မှာ AnyFont အမည်ရဆော့ဝဲလေးတစ်ခု iTunes ပေါ်ကိုရောက်ရှိလာပါတယ်။
ဒီဆော့ဝဲလေးက သင့်ဖုန်းကို Jailbreak လုပ်စရာမလိုဘဲ စိတ်ကြိုက် font ဒီဇိုင်းကို device ထဲသို့ထည့်သွင်းပေးမှာဖြစ်ပါတယ်။
Installation profiles စနစ်ကိုအသုံးပြုပြီး font သွင်းစေတဲ့ AnyFont ဆော့ဝဲလေးကို ယခုအခါ iTunes Store မှာ ၀.၉၉ ဒေါ်လာနဲ့ဝယ်ယူလို့ရနေပါပြီ။
AnyFont ဆော့ဝဲကို free ရယူလိုသူများကတော့ Tongbu ဆော့ဝဲထဲကနေ free သွင်းယူနိုင်ပါတယ်။
OpenType (.OTF) သို့ TrueType (.TTF) စတဲ့ font format ၂ မျိုးကို ဒီဆော့ဝဲအသုံးပြုပြီး font ထည့်သွင်းနိုင်မှာပါ။
အသုံးပြုပုံအနေနဲ့ကတော့ Mail app , Dropbox , file manager စတဲ့ဆော့ဝဲတွေနဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး ယင်း app တွေထဲမှာ ကိုယ်က ကြိုတင်ထည့်သွင်းထားခဲ့တဲ့ font ဖိုင်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။
ဥပမာ mailbox ထဲမှာ သူများက (သို့မဟုတ်) ကိုယ့်ဘာသာ မေးလ်ပို့ထားတဲ့ font file ကိုဖွင့်ကြည့်ရမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ဖွင့်လိုက်ပါက Open in Anyfont ဆိုတာပေါ်လာပါမယ် ။
အဲဒါကိုနှိပ်လိုက်မှ font က AnyFont ဆော့ဝဲထဲမှာပွင့်လာပြီး font installation step များကိုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ချို့ဆော့ဝဲတွေမှာကျ Open in….. လို့ပဲပေါ်တာမျိုးရှိတတ်ပါတယ်။
အဲဒါကိုနှိပ်ပြီး Anyfont ကိုနှိပ်ရင်လည်းအပေါ်မှာပြောခဲ့တဲ့ step နဲ့အတူတူပဲဖြစ်ပါတယ်။ Font က AnyFont ဆော့ဝဲထဲကိုရောက်ရှိနေပြီဆိုရင်တော့ သွင်းလိုတဲ့ font file ကိုနှိပ်ပြီး install လုပ်နိုင်ပါပြီ။
Font သွင်းရန်Tap to install ကိုနှိပ်လိုက်လိုက်ရုံပါပဲ။
Font Install Profile ပေါ်လာပြီး Install ကိုနှိပ်လိုက်တာနဲ့ သွင်းလိုတဲ့ font ကိုသွင်းပြီးသွားပြီဖြစ်ပါတယ်။
Any Font နဲ့ စိတ်ကြိုက် font ထည့်သွင်းခြင်းကိုလက်တွေ့လုပ်ပြထားတဲ့ ဗီဒီယိုကျူတိုရီရယ်ကိုတော့အောက်မှာကြည့်ရှုပါ။ 

ယခုပို့စ် အတွက် သက်ဆိုင်ရာ နည်းပညာပို့စ်ပိုင်ရှင်အား Creadit ပေးပါတယ် ခင်ဗျာ...။

Sunday, May 11, 2014

3 Trusted Friends ဖြင့် Facebook အကောင့် Hack နည်း နှင့် ကာကွယ်နည်း


အခုပြောပြမယ့်လမ်းကတော့ လူတိုင်းသတိမထာမိတဲ့အချက်တွေပါ သတိပြုမိတဲ့သူတွေလည်ရှိမှာပါ မရှိတဲ့သူတော့ တော်တော်များပါတယ် ကျနော်တွေ့သမျှတော့ တော်တော်များတယ် ဒါပေမယ့်လည် သွာမပြောရဲဘူး တော်ကြာကိုယ်ပြောပြီးမှ သူ့အကောင့်တစ်ခုခုဖြစ်တယ်ဆိုပြီး ပြဿနာရှာမှာစိုးလို့။ ကျနော်တွေ့သမျှ
ထဲက သံဃာတော်တွေပိုင်တဲ့အကောင့်တွေလောက်ပဲ သတိပေးပြောပါတယ်... ကိုယ်တွေအချင်းချင်းတော့မပြောရဲလို့ အခုလိုပိုစ့်လေးတင်ဖြစ်သွားတာပါ အောက်မှာလေ့လာကြပါ..





အထက်ပါပုံအတိုင်း ကျနော်တို့ ပစ်မှတ်ရဲ့ဖေ့ဘုတ်အကောင့်က About ကိုနှိပ်ပြီးဝင်လိုက်ပါမယ် Contact Info မှာ အကောင့်ကိုဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့်
ဖေ့ဘုတ်မေးလ်ကိုတော့မဖွက်ထာတဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေးလ်နဲ့အကောင့်ကိုယူပါမယ်..ပုံမှာပါတဲ့မေးလ်ကို Copy ကူးယူလိုက်ပါ..ထို့နောက်

အဆင့်-1


Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေးလ်ကိုဖြည့်လိုက်ပါမယ်
ထို့နောက် Forgot your password? ဆိုတာကိုနှိပ်လိုက်ပါ။


အဆင့်-2


Email, phone or Facebook username ဆိုပြီးအထက်ပါပုံအတိုင်း ပေါ်လာပါတယ်။Email, phone or Facebook username ဆိုတဲ့ Boxမှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါ ..ဖြည့်ပြီးပါက Search ဆိုတာကိုနှိပ်ပါက ကျနော်တို့လိုချင်နတဲ့ ဖေ့ဘုတ်အကောင့်ပေါ်လာပါမယ်။


အဆင့်-3
 

အထက်ပါပုံအတိုင်း သင့်အကောင့်လားလို့ဆိုပြီးမေးလာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my account ကိုနှိပ်ပေးလိုက်ပါ


အဆင့်-4


အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေအုန် ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်းစလာပါပြီး ကျနော်တို့ ရယူမို့ကြိုစားနေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာနေတယ်ဆို I have on longer use this account ဆိုတာပေါ်နေပြီး။လက်ရှိအသုံးပြုနေဆဲဆိုပါက No longer have access to these? ဆိုပြီးပေါ်နေပါမယ် အခုကျနော်ယူမယ့်အကောင့်က သုံးနေဆဲအကောင့်ပါ.အဲဒီတော့  No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါမယ်


အဆင့်-5


I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း
Please enter an email address that you know you can access. We'll use this address to send you messages about recovering your account.
ဆိုပြီးတော့ box ထပ်ကျလာပါမယ်အဲဒီမှာ  email address  ဖြည့်စွက်ရမယ့်မေးလ်က Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေလ်အသစ်ဖြစ်ရပါမယ်.အဲဒီမှာပုံအတိုင်း
မေလ်ကိုနှစ်ကြိမ်းဖြည့်ရပါမယ် ..
သို့သော်... ကျနော်တို့ဖြည့်လိုက်တဲ့မေးလ်ကို ဖေ့ဘုတ်ကနေ မေးလ်ပို့လာမှာမဟုတ်ပါဘူး ဘာဖြစ်လို့လည်ဆိုတော့  Security layer ကြောင့်ပါ။
ကယ်ကျနော်တို့မေးလ်အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။


အဆင့်-6


 အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက်လုပ်ဆောင်ရမယ့်အဆင့်ကိုပြထားတာပါ..ထို့နောက် Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ


အဆင့်-7
 
စပါပြီး 3 trusted friends အစီစဉ် ကျနော်တို့ရယူမယ့်  Facebook အကောင့်ထဲက 3 trusted friends ရွေးရပါတော့မယ် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့
3 trusted friends အစီစဉ်အောင်မြင်အောင် အကောင့်တွေကြိုတင်အက်ထာပြီးတော့ အဲဒီထဲက ကျနော်တို့ အက်ထာတဲ့အကောင့်3ခုကိုရွေးလိုက်ပါမယ်
အကောင့်3ခုရွေးပြီးပါက Continue ဆိုတာကိုနှိပ်ပါ..(မှတ်ချက်-အကောင့်တစ်ခုရွေးပြီးတိုင်Continueဆိုတာကိုနှိပ်ပါ)


အဆင့်-8
အထက်ပါပုံအတိုင်း သူငယ်ချင်း 3 ယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။


အဆင့်-9


အထက်ပါပုံအတိုင်း ကျနော်တို့ရွေးချယ်လိုက်တဲ့ အကောင့် 3 ခုကို ကုဒ်တွေပို့လာပါမယ် အဲဒီကုဒ်တွေကို ဖြည့်ပြီးပါက  Submit Condes ဆိုတာကိုနှိပ်ပါ။
အဲဒီအဆင့်ပြီးတာနဲ့ ကျနော်တို့ရယူမယ့်အကောင့်ကို Recover လုပ်ရပါပြီ။

ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းပါ...  ဘာ Tool မှမသုံးပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီလောက်လွယ်တာလည်းဆိုတော့ Security Question ကိုမခံထားလို့ပါ တကယ်လို့ Security Question ခံထားလည်း လွယ်တဲ့ Security Question ပြုလုပ်ထားပါက ရယူသွားမည်သာ။

ကျနော်တို့အနေနဲ့ အကောင့်ယူလို့မအောင်မြင်ရင်တောင် အဲဒီအကောင့်သေချာပေါက် Lock ကျပါမယ်.အင်မတန် ကြောက်စရာ ကောင်းပါတယ်။

ကာကွယ်ရမယ့်အချက်တွေကတော့

1-  Facebook ဖွင့်ထားတဲ့ Email ကို Only Me လုပ်ထာပါ။
2- Facebook ကပေးတဲ့  Email ကိုလည်း Only Me လုပ်ထားပါ။
3- Security Question ကို လေးလေးနက်နက်ပြုလုပ်ထားပါ။
4-ကိုယ်မသိတဲ့သူတွေ လာအက်ရင်လက်မခံပ်နဲ့။

Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေးယူသွာမှာပေါ့။ Security Question လေးလေးနက်နက်ပြုလုပ်ထားရင် အကောင့်ဟက်ခံရခြင်းမှစိတ်ချရပါမယ်။


အဓိကသတိပေးချင်တာကတော့ Security Question လေးလေးနက်နက်ပြုလုပ်ထားပါလို့အကြံပြုချင်ပါတယ်။



လူတော်လူကောင်းများဖြစ်ကြပါစေ ခင်ဗျာ..။ ကိုဝင်းကမ္ဘာကျော်ဆိုဒ် မှ ကူးယူးဖော်ပြပါသည်။

Wednesday, May 7, 2014

Memory Card ထဲကို ကူးလို့ မရ ၊ ဖျက်လို့ မရ ဖြစ်လာခဲ့ရင် ဖြေရှင်းရန်နည်း

ဒီပြဿနာက ကွန်ပျုတာမှာ Memory card တွေထိုးတဲ့အခါ ကူးလို့ မရ ဖျက်လို့ မရ
Format ချလို့ မရပဲ This disk is write -protected  လို့ စာတန်းပေါ်နေခဲ့ လုပ်ဖို့ ဖြေ
ြေေရြှေင်းနည်းတစ်ခုပါ ။ လုပ်နည်းက.......
Run box မှာ regedit လို့ ရေးပြီး Enter နှိပ်လိုက်ပါ
အထဲရောက်ရင် HKEY_LOCAL_ MACHINE ကို နှစ်ချက်နှိပ်ပါ
Currentcontrolset ကိုဆက်နှိပ် StorageDevicePolices ရှာပြီး ၂ချက်နှိပ်
ဘေးမှာပေါ်လာတဲ့အထဲမှာ writeprotect ကို Right ထောက် Modify ကိုနှိပ်
Value Data - 1 ဖြစ်နေပါလိမ့်မယ် အဲ့တာကို  0 ထားပီး စက်ကို Restart ချလိုက်
လုပ်နည်းကို Video နဲ့ ကြည့်ချင်ရင် -http://www.youtube.com/write-pro:

အစ်ကို မောင်စွယ်စုံကျမ်းမှ ကူးယူဖော်ပြပါသည်။
.................... နည်းပညာလောကထဲက ပုရွက်ဆိတ်လေး .............................

Friday, May 2, 2014

Computer Server ဆိုသည်မှာ


ကွန်ပျူတာဆာဗာဆိုပြီး ပြောနေကြတယ် ဘာရယ်လို့ တိတိကျကျ သိလှတဲ့သူနည်းမယ်ထင်ပါတယ်။ ကွန်ပျူတာကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံးသိကြတယ်။ ဆာဗာ (Server) ဆိုတာက ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံကအစ အားလုံးသုံးလာကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာသုံးတယ်ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်းမှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာဆိုတော့ အဲဒီကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာတယ်။ ဒါကြောင့် ဆာဗာ ဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာကို ဘယ်လို ရည်ရွယ်ချက်နဲ့ သုံးရတယ်ဆိုတာ သိဖို့လိုတယ်။

လူတွေက “ဆာဗာကတော့ ကျနေပြီ” “ဆာဗာကို ချိတ်လို့မရဘူး” စသဖြင့် ပြောဆိုသံတွေ ဌာန ဆိုင်ရာတွေနဲ့ လုပ်ငန်းတွေမှာ ကြားလာရတယ်။ အလားတူပဲ ကွန်ပျူတာ အင်တာနက်ဆိုင်ရာ ပစ္စည်းတွေ ကို သုံးနေရင်လည်း The server is down ဆိုတာနဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့လည်း မကြာကြာ ရင်ဆိုင်ဖူးကြမယ် ထင်ပါတယ်။ ဒီလိုဖြစ်ရတာ အကြောင်းနှစ်ချက်ရှိ ပါတယ်။

- ကွန်ပျူတာကြောင့်လည်း ဖြစ်နိုင်တယ်။ ကွန်ပျူတာတွေ အများကြီး ချိတ်ဆက်ထားမယ်၊ လိုအပ်တဲ့ ပမာဏထက် ပိုပြီး ချိတ်ဆက်သုံးနေမယ်ဆိုရင်လည်းဖြစ်တတ်တယ်။

- Client/ Server ဆိုတဲ့ programming model တွေကြောင့်လည်း ဖြစ်နိုင်တယ်။

ကွန်ပျူတာဆာဗာတစ်ခုတွင် ရှိရမည့်အင်္ဂါရပ်များ

စွမ်းအားမြင့်တဲ့ RAM သို့မဟုတ် Memory ထည့်ထားရမယ်

ဆာဗာထောင်လိုက်ပြီဆိုတာနဲ့ ကွန်ပျူတာအသီးသီးရဲ့ ဆက်သွယ်မှုကို ခံရတော့မှာဖြစ်တာကြောင့် အမြန်နှုန်းမြင့်မြင့် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် RAM များများထည့်နိုင်စွမ်းရှိဖို့လိုတယ်။

ပရိုဆက်ဆာ Speed ကလည်း လုံလောက်တဲ့ပမာဏဖြစ်ရမယ်

ပရိုဆက်ဆာ (processor) နိမ့်ရင် လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းနှေးပြီး အခြားချိတ်ဆက်လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ အားနည်းတတ်တယ်။ ဒါကြောင့် ကိုယ့်ဆာဗာအဖြစ်သုံးမယ့် ကွန်ပျူတာမှ ပရိုဆက်ဆာ ကလည်း အားကောင်းဖို့လိုတယ်။

ဟာ့ဒ်ဒစ်နဲ့ကလည်း သိုလှောင်နိုင်စွမ်းပမာဏ မြင့်မားရမယ်

ဆာဗာဆိုတဲ့အတွက် ဒေတာတွေကို လာပြီးထည့်ကြလိမ့်မယ်။ ကွန်ပျူတာများများနဲ့ ချိတ်ဆက် ထားလေ ဒေတာများများ သိုလှောင်ဖို့ နေရာလွတ်များများ လိုလေပဲ။ ဒါကြောင့် သိုလှောင် (storage) ပမာဏများများထည့်နိုင်အောင် စီစဉ် ပေးထားသင့်တယ်။

အအေးပေး ပန်ကာစနစ်ကောင်းရမယ်

တစ်နေ့လုံး တစ်ညလုံးဖွင့်သုံးမှာဖြစ်တဲ့အပြင်၊ ကွန်ပျူတာအများကြီးနဲ့ ချိတ်သုံးနေရတာဆိုတော့ အပူချိန် ကလည်း အနည်းနဲ့ အများဆိုသလို တက်နေမှာပဲ။ ဒါကြောင့် ဆာဗာထဲမှာပဲ အအေးပေးစနစ်ကောင်းနေဖို့ လိုသလို လေဝင်လေထွက်လည်း ကောင်းတဲ့နေရာမှာ ထားဖို့လိုတယ်။ များသောအားဖြင့်တော့ ဆာဗာထဲ ထည့်တဲ့ ဟာ့ဒ်ဝဲတွေက အဆင့်အတန်းမြင့်တာတွေနဲ့ အာမခံချက်ရှိတဲ့ ပစ္စည်းတွေဖြစ်ဖို့လိုတယ်။ ဟာ့ဒ်ဝဲကောင်းကောင်းဆိုရင် စွမ်းဆောင်ရည်ကောင်းတာကြောင့် အပူရှိန် တက်တာကိုထိန်းနိုင်တဲ့အပြင် ပျက်စီးနှုန်းလည်း နည်းနိုင်တယ်။

စက်လည်ပတ်ရေးစနစ် OS (Operating System) ကို ထိရောက်တာမျိုးသုံးရမယ်

ဆာဗာမှာ သုံးတဲ့ OS ကအရေးကြီးတယ်။ ဌာနတစ်ခုလုံးနဲ့ အဆင်ပြေစွာ သုံးနိုင်တဲ့ OS ဖြစ်ရန်လိုသလို OS တိုင်းလိုလိုနဲ့ အဆင်ပြေစွာ သုံးနိုင်တာမျိုးလည်း ဖြစ်ရမယ်။ ဆာဗာအတွက် အကောင်းဆုံး သုံးနိုင်တဲ့ OS အဖြစ် နိုင်ငံတကာမှာတော့ Linux ကိုအမှတ်ပေးကြတယ်။

ဆာဗာမှာသုံးတဲ့ဟာ့ဒ်ဝဲတွေ အာမခံချက်ရှိရမယ်

ဆာဗာဆိုတာ ရပ်သွားလို့၊ ပိတ်ထားလိုက်လို့ မရဘူး။ စက်ပစ္စည်း ဟာ့ဒ်ဝဲအပိုင်းမကောင်းလို့ ထိုးရပ် သွားရင် အားလုံးဒုက္ခ တွေ့နိုင်တယ်။ လုပ်ငန်းတွေအားလုံး သူ့ကိုမှီခိုလုပ်ကိုင်နေရတာဖြစ်လို့ ပိုပြီး အရေးကြီးတယ်။ ဒါကြောင့် ဟာ့ဒ်ဝဲလည်းကောင်း ရမယ်၊ သတ်မှတ်ထားတာထက်လည်း ပိုမသုံးမိအောင် ဂရုစိုက်ရမယ်။

Power Supply ကောင်းကောင်းထားရမယ်

UPS (uninterrupted power supply) လို့ခေါ်တဲ့ မီးပျက်ရင် ဆက်ပြီးအလုပ်လုပ်နိုင်တဲ့ ပစ္စည်းကို ခံထားရမယ်။ UPS ကို အင်ဗာတာ (inverter) နဲ့လည်း တွဲထားကောင်း တွဲထားရမယ်။ လျှပ်စစ်ဓာတ်အား အဖြတ်အတောက်၊ အပြတ် အတောက်ကောင်းစွာ ခံနိုင်စွမ်းရှိရမယ်။

ဆာဗာအမျိုးအစားများ

Application servers, Database server, File server, FTP servers, Game server, Mail server, Network server, Home server, Fax server, Name server, Print server, Proxy server, Stand-alone server, Virtual servers, Sound server, Web server, Real-time communication servers (chat servers).

ကိုဝင်းကမ္ဘာကျော် ဆိုဒ်မှ ကူးယူဖော်ပြပါသည်။