Friday, September 27, 2013

ရယ်စရာ ကာတွန်းပုံလေးပါ

ဘ၀ဆိုတာ ပြီးပြည့်စုံတယ်လို့မရှိပါဘူး....ကောင်းသောအမြင်နဲ့ ဖြည့်တွေးတတ်ရင် ကျေနပ်စရာကောင်းပါလိမ့်မယ်

သီချင်းကောင်းလေးပါ.. ဟဲလေး နဲ့ ချမ်းချမ်း ဆိုထားတာပါ

တစ်သက်စာ တစ်မျက်နှာ .. ဟဲလေး+ချမ်းချမ်း (၀ါရင့်သမ္ဘာရင့် Old Service စီးရီးမှ-)

Tuesday, September 24, 2013

You Tube ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းလေးပါ

TechSpace Journal 
Chat Hurley, Steve Chen, Jawed Karim လို့အမည်ရတဲ့ သူငယ်ချင်း ၃ ယောက် ရှိပါတယ်။ Hurley က ဒီဇိုင်း ပညာ သင်ကြားခဲ့သူ၊ Chen နဲ့ Karim ကတော့ Computer Science သင်ကြားခဲ့သူပါ။
၃ ယောက်စလုံးက Paypal ကုမ္မဏီတစ်ခုထဲမှာပဲ အတူတူလုပ်ကြပါတယ်။ ၂၀၀၅ ခုနှစ် နှစ်အစပိုင်း လောက်မှာပေါ့။ Chen ရဲ့  အဆောင်မှာ ပါတီပွဲ တစ်ခု ကျင်းပပြီး မလာနိုင်သူက Karim ဖြစ်ပါတယ်။ ဒါနဲ့ ပါတီပွဲက ဗီဒီယိုတွေ ကြည့်ချင်လို့ ဘယ်လိုလုပ်ရမလည်းအကြတ်တွေ့ ပါတယ်။ ဒါနဲ့ပဲ ဗီဒီယိုကို အွန်လိုင်းကနေ အလွယ်တကူ ကြည့်ရှုလို့ရမယ့် ဝဘ်ဆိုဒ်တစ်မျိုး ကို သုံးယောက်ပေါင်း ဖန်တီးပါတော့တယ်။
အစပိုင်းကတော့ သူငယ်ချင်း ၃ ယောက် အချင်းချင်း အသုံးပြုဖို့လုပ်ရာ ကနေ၊ အခြားသူငယ်ချင်း မိတ်ဆွေတို့ကို စမ်းပေးသုံးရင် နောက်ဆုံးတော့ လူတိုင်း အသုံးပြုနိုင်မယ့် ဝဘ်ဆိုဒ်လေး တစ်ခု ဖြစ်လာအောင် ကြိုးစား ဖန်တီး လိုက်ကြ ပါတယ်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်တဲ့ Youtube ဟာ ယနေ့မှာ ကမ္ဘာ့ လူကြည့်အများဆုံး Video Hosting Site ကြီးတစ်ခု ဖြစ်နေပါပြီ။ သက္ကရာဇ် ၂၀၀၀၆ ခုနှစ်မှာ Google သို့ရောင်းချလိုက်ပေမ့ယ် ဝဘ်ဆိုဒ်ဖန်တီးသူ ၃ ဦးစလုံးက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း အသီးသီးနဲ့ အောင်မြင်နေပါပြီ။ Youtube မှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေဆဲ ဖြစ်ပါတယ်။
စုပေါင်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှခု တစ်ခု ရနိုင်တယ်ဆိုတာကို Hurley, Steve နဲ့ Karim သူငယ်ချင်း ၃ ယောက်က သက်သပြသွားခဲ့ခြင်း ဖြစ် ပါတယ်။

Ref: wiki

Monday, September 23, 2013

မှတ်သားစရာ ဗဟုသုတ စကားများ


သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။


ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။

၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

iphone S5 ရဲ့ လက်ဗွေလုံခြုံရေးစနစ်

iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ

ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။ လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့ ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့  လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင် ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့ ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။...

ကာတွန်းလေးတွေ











လူ


MP3 သီချင်းကောင်းကောင်း နားဆင်လိုသူများအတွက်...

ကျွန်တော်က MP3 သီချင်လေးတွေ ကြိုက်တတ်လို့ သီချင်းလိုချင်ရင် အလွယ်တကူရလို့ အမြဲတမ်းသွားရှာဖြစ်တဲ့ websie တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ အဲဒီဆိုဒ်မှာ တော်တော်များများ သီချင်းတွေရှာပြီး နားဆင် download လုပ်လို့ရပါတယ် ခင်ဗျာ... အခုလည်း BIG BAG ရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ သူစိမ်းသီချင်းလေးနဲ့ စတင်မိတ်ဆက်လိုက်ပါတယ်  ခင်ဗျာ ...
အောက်က လင့်ခ်လေးကနေ သွားလိုက်ပါဗျာ...
https://soundcloud.com/freemyanmarlyrics/thu-sein-bigbag-live

အာကသ နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိတ်ခေါ် ဓါတ်ပုံပြိုင်ပွဲမှ ဆုရ ဓါတ်ပုံများကို လက်လှမ်းမီ သလောက် တင်ပေးလိုက်ပါတယ် ခင်ဗျာ





Sunday, September 22, 2013

နောက်ကျမိုး

သည်းသည်းမည်းမည်း ရွာသွန်းခဲ့ပေမယ့်
ငါက နောက်ကျမိုးပါ ချစ်သူ...
ငါရွာသွန်းလိုက်လို့
မင်း အနာဂတ်လမ်းတွေ ရေလွှမ်း
လျှောက်လှမ်းရခက်စေမှာလား..။
အားနာလိုက်တာချစ်သူရယ်
(မရည်ရွယ်ပါဘူး)
ငါ ပြန်ဆုတ်တော့မယ်....
တိမ်စိုင်တွေနဲ့ အတူလွင့်မျော
ဟိုး.. မှောင်မိုက်မိုက် တောအုပ်တွေဆီ....။




ကျွန်တော်ရဲကိုယ်ပိုင် ကဗျာလေးမုတ်ပါဘူးေးတဲ့သူကို မမှတ်မိတော့လို့ပါ ...။ာကျမိလို့ အလွတ်ရနေတာ မျှဝေခံစားလို့ရအောင် တင်ပေးလိုက်ပါတယ် ခင်ဗျာ

Monday, September 9, 2013

အလည် ရောက်သွားခဲ့တဲ့ ပင်လယ် ကမ်းခြေလေး....

လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မထင်မှတ်ပဲရောက်ပဲရောက်သွားခဲ့တဲ့ ပင်လယ်ကမ်းခြေ တစ်နေရာ (ကျွန်တော်သူငယ်ချင်း ကိုအောင်ဆန်း နဲ့ ကရင်ဖိုးလည်း ပါတယ်ဗျ)

Sunday, September 8, 2013

ဲဖြူဖြူကျော်သိန်း ရဲ့ လမ်းခွဲ (Live Show )

ဖြူဖြူကျော်သိန်း performance အပြည့်နဲ့ ဆိုထားတဲ့ သီချင်းလေးပါ... အရမ်းကြိုက်မိလို့ လူကြီးမင်းတို့လည်း မကြည့်ရသေးရင် ကြည့်ရှု့ခံစားပါဦးဗျာ...။

သီချင်းကောင်းလေးပါ ခင်ဗျာ

ငယ်ငယ်တုန်းက ရူးသွပ်ခဲ့ဖူးတဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ပါ ... အဲဒီတုန်းက လမ်းဘေး အုတ်ခုံမှာ ဂစ်တာတီးသီချင်းဆိုတဲ့ ဂီတနောင်တော် အစ်ကိုကြီးတွေကို အားကျခဲ့တယ်ဗျာ.....

Saturday, September 7, 2013

WIFI/3G/4G တွေရဲ့ SIGNAL ကိုမြှင့်ပေးမဲ့ SIGNAL BOOSTER 1.1

ကျွန်တော်တို့ အခုလက်ရှိကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးတွေနဲ့တောင်တိုက်ဆိုင်မှုရှိတယ်လို့ဆို
ရမလိုပါဘဲ။ သူများဆီက wifi သုံးရတာ
နှေးလို့မြန်အောင်လုပ်စေချင်တာတို့၊ ကိုယ့်ဖုန်းလေးက 2G လေးဖြစ်နေလို့ 3G မြှင့်ချင်တာတို့ကို
 click လေး တစ်ချက်နှိပ်လိုက်တာနဲ့လုပ်ဆောင
်နိုင်ပါပြီဗျာ။ ဒီ application လေးက wifi နဲ့ internet လိုင်းတွေကိုသာ လိုင်းအားကောင်းအောင်မြှင့်
တင်ပေးတာမဟုတ်ပဲ ကိုယ့် phone လေး
အရမ်းလေးနေတဲ့ အခါမှလဲ မြန်အောင်လို့ CPU ရဲ့စွမ်းဆောင်မှုကိုမြှင့်တင် ပေးနိုင်တာကို
လည်းတွေ့ရပါတယ်ဗျာ။ ဒါတင်မကသေးပဲ သူငယ်ချင်း
အချင်းချင်း file တွေ ပုံတွေ bluetooth နဲ့ share တဲ့အခါမှာ အကြာကြီးမစောင့်ရအောင်လို့
 bluetooth ရဲ့ transfer rate ကိုလည်း မြှင့်တင်ပေးနိုင်
ပါသေးတယ်။ ဒီ application လေးကို အသုံးပြုဖို့အတွက်တော့ android version 
က1.3 နဲ့အထက်မှာ ရှိရင် လုံလောက်ပါပြီဗျာ။ ပုံတွေကြည့်ပြီးလေ့လာနိုင်အောင်
ပုံတွေကိုထည့်ပေးလိုက်ပါတယ်ဗျာ။ 



လိုချင်ရင် အောက်က လင့်လေးတွေမှာ အဆင်ပြေသလို ဒေါင်းကြပါ ခင်ဗျာ.....

ခင်ရတဲ့ သူငယ်ချင်းများနဲ့ သရဲ


ကျွန်တော်ကို ခင်တဲ့သူတွေနဲ့ ကျွန်တော် ခင်ရတဲ့သူတွေက ကျွန်တော်ကို သရဲ လို့ခေါ်ကြသတဲ့

ကျွန်တော် ကြိုက်မိတဲ့ စိုးပြည့်သဇင် သီချင်းလေးပါ (မိန်းကလေးမို့..)

ရဲတိုက်ကိုတော့ မကြိုက်ပါဘူး ဒါပေမယ့် သူငယ်ချင်းတွေ နားထောင်ရအောင်လို့(ဒီသီချင်းလေးနားထောင်ဖြစ်အောင် လမ်းညွှန်ပေး ဆိုပြတဲ့ သူကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ)

ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ ( လွမ်းနေဆဲပါ တစ်ချိန်က... )


ကိုယ်ချစ်ရသူကို ရိုးရှင်းစွာ ချဉ်းကပ်တဲ့ Video လေးပါ

ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတဲ့ video မဟုတ်တဲ့အတွက် video ဖန်တီးတဲ့သူနဲ့ အဆိုတော် ဂရေဟမ်၊သီချင်းရေးဆရာ နှင့် ပြောပြရန် ကျန်ရှိနေသူများကို ဒီနေရာလေးကနေ ကျေးဇူးတင်ကြောင်းပြောလိုပါတယ် ခင်ဗျာ...။

ကျွန်တော်၏ ရင်ထဲမှ တစ်ချို့ ......သို့မဟုတ် ကျွန်တော်၏ သန္ဒေတည်ရာ






Wednesday, September 4, 2013

သူငယ်ချင်းများအတွက် ဘလော့ဖွင့်ပွဲ အမှတ်တရ

ဘလော့ စရတဲ့ အထိမ်းအမှတ်အဖြစ် သူငယ်ချင်းတွေကို Coke တစ်ဗူးစီ တိုက်လိုက်ပါတယ် ခင်ဗျ........

ပုရွက်ဆိတ်ကလေး နှင့် ကျေးဇူး ကမ္ဘာ

ဒီဘလော့လေးကနေ ကျွန်တော်၏ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကို ဂါရ၀ဦးတင်လျှက်.... ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စွာဖြင့်....
                                                                          နည်းပညာလောကထဲက ပုရွက်ဆိတ်လေး

ကျွန်တော် ဘ၀ရဲ့ ပထမဦးဆုံးသော စမ်းတ၀ါးဝါးလုပ်နေတဲ့ ကိုယ်ပိုင် ဘလော့လေးပါ ခင်ဗျာ..................

ကျွန်တော့်ရဲ့ဘလော့လေးကနေ လူသားကမ္ဘာကြီးအား အကျိုးပြုစေမည့် အကြောင်းအရာ ကိစ္စများ ကိုယ်စွမ်းရှိသလောက် ရေးသားသွားပါမည်... ခင်ဗျာ။