Tuesday, September 24, 2013

You Tube ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းလေးပါ

TechSpace Journal 
Chat Hurley, Steve Chen, Jawed Karim လို့အမည်ရတဲ့ သူငယ်ချင်း ၃ ယောက် ရှိပါတယ်။ Hurley က ဒီဇိုင်း ပညာ သင်ကြားခဲ့သူ၊ Chen နဲ့ Karim ကတော့ Computer Science သင်ကြားခဲ့သူပါ။
၃ ယောက်စလုံးက Paypal ကုမ္မဏီတစ်ခုထဲမှာပဲ အတူတူလုပ်ကြပါတယ်။ ၂၀၀၅ ခုနှစ် နှစ်အစပိုင်း လောက်မှာပေါ့။ Chen ရဲ့  အဆောင်မှာ ပါတီပွဲ တစ်ခု ကျင်းပပြီး မလာနိုင်သူက Karim ဖြစ်ပါတယ်။ ဒါနဲ့ ပါတီပွဲက ဗီဒီယိုတွေ ကြည့်ချင်လို့ ဘယ်လိုလုပ်ရမလည်းအကြတ်တွေ့ ပါတယ်။ ဒါနဲ့ပဲ ဗီဒီယိုကို အွန်လိုင်းကနေ အလွယ်တကူ ကြည့်ရှုလို့ရမယ့် ဝဘ်ဆိုဒ်တစ်မျိုး ကို သုံးယောက်ပေါင်း ဖန်တီးပါတော့တယ်။
အစပိုင်းကတော့ သူငယ်ချင်း ၃ ယောက် အချင်းချင်း အသုံးပြုဖို့လုပ်ရာ ကနေ၊ အခြားသူငယ်ချင်း မိတ်ဆွေတို့ကို စမ်းပေးသုံးရင် နောက်ဆုံးတော့ လူတိုင်း အသုံးပြုနိုင်မယ့် ဝဘ်ဆိုဒ်လေး တစ်ခု ဖြစ်လာအောင် ကြိုးစား ဖန်တီး လိုက်ကြ ပါတယ်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်တဲ့ Youtube ဟာ ယနေ့မှာ ကမ္ဘာ့ လူကြည့်အများဆုံး Video Hosting Site ကြီးတစ်ခု ဖြစ်နေပါပြီ။ သက္ကရာဇ် ၂၀၀၀၆ ခုနှစ်မှာ Google သို့ရောင်းချလိုက်ပေမ့ယ် ဝဘ်ဆိုဒ်ဖန်တီးသူ ၃ ဦးစလုံးက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း အသီးသီးနဲ့ အောင်မြင်နေပါပြီ။ Youtube မှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေဆဲ ဖြစ်ပါတယ်။
စုပေါင်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှခု တစ်ခု ရနိုင်တယ်ဆိုတာကို Hurley, Steve နဲ့ Karim သူငယ်ချင်း ၃ ယောက်က သက်သပြသွားခဲ့ခြင်း ဖြစ် ပါတယ်။

Ref: wiki

No comments:

Post a Comment