Monday, May 26, 2014

Facebook Page မှာ Admin အဖြစ်ခန့်အပ်ခြင်း


ကျွန်တော်တို့ Facebook မှာ Page ထောင်ထားသူများအတွက် အသုံးဝင်မယ့် Post တစ်ခုပါ၊၊
သိပြီးသားဆိုရင်လည်း ကျော်ဖတ်သွားပါ၊၊မသိသေးသောသူများအတွက် ရည်ရွယ်ပြီး ကြိုးစားရေးထားပါတယ်ဗျ၊၊တစ်ကယ်လို့ အမှားအယွင်းပါရင် နားလည်ခွင့်လွှတ်ပေးပါ၊၊
ကျွန်တော် Post တစ်ခုကို ရေးရင် အရမ်းမဲ့ မရေးပါဘူး၊၊ကျွန်တော့် Page က Member ဝင်များ သိရှိနားလည်စေရန် ပုံနဲ့တစ်ကွ အဆင့်ဆင့်လုပ်တတ်စေရန် ပြသ ရေးပြထားပါတယ်ဗျ၊၊
ကျွန်တော်တင်သမျှ Post တိုင်းကို Member ဝင်များ သတိထားမိမှာပါ၊၊Post တစ်ခုကို ရေးဖို့အရေး တစ်ကယ်ကို မလွယ်ကူပါဘူးဗျ၊၊တစ်ခုချင်းစီ ရှင်းပြဖို့အတွက် Screen Shoot ရိုက်ရပါတယ်၊၊လိုင်းမကောင်းတဲ့ကြားထဲက လုပ်ရတာ အဆင်မပြေလှပါဘူးဗျ၊၊ဒီ Post ကို ရေးဖို့ Screen Shoot ပုံတွေပေါ်မှာ စာပြန်ရေးရပါတယ်၊၊စာပြန်ရေးလို့ပြီးရင် Post တင်ဖို့အတွက် စာထပ်ရေးရပြန်ပါတယ်ဗျ၊၊Post အတွက်ရေးပြီးရင် Page မှာ တင်ရပါတယ်၊၊
ပြီးတော့ ကျွန်တော် Facebook မှာ Page ထောင်ပြီး Posts များရေးတာ ဒီနေ့နဲ့ဆို တစ်လ ရှိပါပြီဗျ၊၊တစ်လ အတွင်းမှာ internet သုံးတာ Phone Bay 50000 ကုန်သွားပါပြီ၊၊လိုင်းမကောင်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်ရည်ရွယ်တဲ့ ဦးတည်ချက်မရောက်တာက ပိုဆိုးပါတယ်၊၊
ကျွန်တော့်Page မှာ ဝင်ရေးတဲ့ Adminများလဲ ဒီအတိုင်းပါပဲဗျ၊၊သူတို့တစ်တွေလဲ Ph Bay ကုန်ပါတယ်၊၊ဒါ ကျွန်တော် ငြီးပြတာမဟုတ်ပါဘူး၊၊ဝါသနာကြားက မျှဝေပေးနေရတာပါ၊၊
ဖုန်းဘေ ကုန်လို့ Post မတင်တော့ဘူးလားဆိုတော့ Post တွေကို ဆက်တင်ပေးနေဦးမှာပါ၊၊
ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းများကို သိစေချင်လို့ ကျွန်တော်ပြောပြပေးတာပါဗျ၊၊ကျွန်တော်တို့အတွက် ငွေကြေးအကျိုးအမြတ် တစ်ပြားမှမရှိ၊ကြော်ငြာဝင်ငွေမရှိ ဘာတစ်ပြားတစ်ချပ်မှ မဝင်ပါဘူးဗျာ၊၊
ကျွန်တော်ရဲ့ ဝါသနာကြောင့်သာ သူငယ်ချင်းတို့ကို ပြန်လည်မျှဝေနေခြင်း ဖြစ်ပါတယ်၊၊ကိုယ်သိသလို သူများတွေလဲ သိပါစေဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်အမြဲထားပါတယ်ဗျ၊၊
သိကြပါ၊၊ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျ၊၊
ကဲ စမယ်၊၊
အဆင့်(၁)၊၊ ၊၊Page Manager ထဲဝင်လိုက်ပါ၊၊ဘေးနားက လိုင်းသုံးကြောင်းနေရာ Menu နေရာကို နှိပ်ပေးပါ၊၊
အဆင့်(၂)၊၊ ၊၊Edit Page ထဲသို့ ဝင်ပေးပါ၊၊
အဆင့်(၃)၊၊ ၊၊loading လုပ်နေစဉ် ခဏစောင့်ပေးပါ၊၊
အဆင့်(၄)၊၊ ၊၊Edit Page Roles ထဲသို့ ဝင်လိုက်ပါ၊၊
အဆင့်(၅)၊၊ ၊၊loading လုပ်နေစဉ် ခဏစောင့်ပါ၊၊
အဆင့်(၆)၊၊ ၊၊Add Person to Page ကိုနှိပ်လိုက်ပါ၊၊
အဆင့်(၇)၊၊ ၊၊ခဏစောင့်ပါ၊၊
အဆင့်(၈)၊၊ ၊၊ကိုယ့်ရဲ့ Facebook Password ကို ထည့်ပေးပါ၊၊
အဆင့်(၉)၊၊ ၊၊ခဏစောင့်ပါ၊၊
အဆင့်(၁၀)၊၊ ၊၊Enter the name of a friend ဆိုတဲ့ Box မှာ ကိုယ် Admin ပေးမည့်သူ နာမည်ကို ရှာပါ၊၊အင်္ဂလိပ်နာမည်ဆိုလျှင် အစစာလုံးက စပြီး ဖြည်းဖြည်းချင်းရိုက်ပေးပါ၊၊မြန်မာစာလုံးဆိုလျှင်လည်း ဖြည်းဖြည်းချင်းရိုက်ပေးပါ၊၊အမြန်မရိုက်ပါနဲ့ဗျ၊၊
အဆင့်(၁၁)၊၊ ၊၊အစစာလုံး ရိုက်လိုက်တာနဲ့ Facebook က ကိုယ်ရိုက်တဲ့ စာလုံးရဲ့ နာမည်တွေ အကုန်ထွက်လာမှာပါ၊၊ကိုယ်Admin ထားချင်သူကို ရွေးပြီး နှိပ်ပေးပါ၊၊တစ်ခါတစ်လေ ကိုယ်နာမည်အစစာလုံး ရိုက်လိုက်ပေမယ် နာမည် မပေါ်တတ်ပါဘူး၊၊အဲဒီလိုမျိုးဖြစ်နေရင် ဖုန်းရဲ့ back နဲ့ တစ်ချက်ထွက်ပြီး ပြန်ဝင်၊Admin နာမည်ပြန်ရှာပါ၊၊
အဆင့်(၁၂)၊၊ ၊၊Facebook က ကိုယ်ရွေးလိုက်တဲ့သူကို Admin အဖြစ်ခန့်မှာလား ဆိုပြီး File ထွက်လာပါမယ်ဗျ၊၊File ရဲ့ အောက်က Add ကို နှိပ်ပေးပါ၊၊
ခဏစောင့်ပေးပါ၊၊
Edit Page Roles နေရာမှာ Admin အဖြစ် ခန့်ထားပြီးကြောင်း ပြထားပါလိမ့်မယ်ဗျ၊၊
ပြီးလျှင် ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး Page Manager မှ ထွက်လိုက်ပါ၊၊
Ok၊၊ပြီးသွားပါပြီဗျ၊၊
Facebook မှ ကိုယ်ခန်အပ်လိုက်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းဆီမှာ Gmailကော၊၊သူရဲ့ Noti မှာ သွားရောက်အကြောင်းကြားပေးပါလိမ့်မယ်ဗျ၊၊Facebook Menu Page နေရာမှာ ကိုယ့်ရဲ့ Page ရောက်ရှိပြီး Postsများ စတင်ရေးသား နိုင်ပါပြီဗျ၊၊
okပါနော်၊၊
...................................... +...................................................................

မူရင်းပို့စ် ပိုင်ရှင်ကို လေးစားစွာ credit ပေးပါသည် ခင်ဗျာ..။
နည်းပညာလောကထဲက ပုရွက်ဆိတ်လေး

No comments:

Post a Comment