Saturday, November 23, 2013

Gmaill ဖြင့် ပို့တဲ့သူရဲ့ IP ကို သိနိုင်ရန်....

Gmail IP Spy (ဂျီမေးလ်မှာကိုယ်တဲ့ချက်တဲ့သူရဲ့နေတဲ့နေရာကိုသိချင်ရင်)
Gmail နှင့် Gtalk အကြောင်းဆွေးနွေးခြင်း Send Message ဆွေးနွေးထားသမျှအားလုံး တင်ပီးထားတာတော့ တစ်ခုရှိပါတယ်ဒါပေမဲ့ ဒီနည်းလေးက ပိုရှင်းလို့ပြန်ထပ်တင်ပေးလိုက်ပါတယ်။
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခု က Spypig ပါ။ ၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။ ၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။ ၃ ။ Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။ ၄။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။ ၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။ ၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။ ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။ ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။ အင်တာနက်မှာ စိတ်ကွယ်ရာမရှိပါဘူး။

No comments:

Post a Comment