Friday, January 24, 2014

Computer System Care TOOL ပေါင်းချုပ် စုစည်းတင်ဆက်မှု (Internet သုံးသော Computer များအတွက် Virus, Malware, Keylogger ရန်တို့မှကင်းဝေးရန်

၁) Virus, Keylogger, Malwarebytes, Hacking tool တွေ ရှင်းလင်းရှာဖွေပေးနိုင်သော အောက်က ကောင်လေးများကို ပထမဆုံးအကြံပြုပါရစေ....

(1) Microsoft Security Essential လိုအပ်ရင် ဒီမှာယူပါ
(2) Malwarebytes Download Here!
(3) USB Disk Security လိုအပ်ရင် ဒီမှာယူပါ
(4) CCleaner Download Here!
(5) www.virustotal.com


(1) Microsoft Security Essential ကတော့ အများလက်ခံထားတဲ့ Virus တော်တော်များများကို သတ်ပေးနိုင်တယ်။ ဥပမာ (Win 32...)



 (2) Malwarebytes ကတော့ Internet မှာ ပါလာသော Trojan, Malware များ, Keylogger နှင့် Hacking tools များကို Malwarebytes နဲ့ စစ်ရင် ပေါ်ပါတယ်။ မသင်္ကာဖွယ် Website တွေကိုလဲ ဖွင့်ခွင့်မပေးဘူး။



(3) USB Disk Security ကတော့ Computer သုံးသူတိုင်း USB stick/external Drive များ SD Card များကို မလွဲမသွေ သုံးရမှာပါ။ သူက Virus အားလုံးကို မသတ်နိုင်ပေမယ့် တကယ်ကို အသုံးဝင်ပါတယ်။ Window တင်ပြီးတိုင်း သူ့ကို မပါမဖြစ်ကို ခေါ်ထားရတယ်။ တစ်ခုတော့ရှိတယ်နော် Activate လုပ်ထားမှ သူက သတ်ပေးတာပါ။


(4) CCleaner ကို Recent file များ၊ Temp File များ၊ Recycle Bin မှ File များ အားလုံးကို ရှင်းလင်းရန်၊ Registry Error များကို ရှင်းရန်၊ မိမိမလိုအပ်သော Program များကို Uninstall လုပ်ရန်အတွက် အဓိက သုံးပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်တစ်ကြိမ်လောက် CCleaner လေးနဲ့ ရှင်းပေးနိုင်ရင် ပိုကောင်းပါတယ် Registry Error ကိုတော့ မိမိစက်မှာ Virus တွေ့ထားတဲ့အခါ Full Scan နဲ့ စစ်ပြီးရင်တော့ သုံးပါတယ်။
CCleaner လေးရဲ့ကောင်းကြောင်းကတော့ သုံးဘူးသူတိုင်းသိပါတယ်..ရိုးရိုးလေးနဲ့ သုံးရတာလည်းလွယ်ပါတယ်...


(5) www.virustotal.com ကို File များ Virus, Maleware, Keylogger, ... တို့ပါမပါစစ်ရန်၊ ခု ဒီဘက်ခေတ်မှာ အကောင့်ဟက်ချင်သူတွေရဲ့ လက်စွဲ RAT, Keylogger တွေခေတ်စားလာတယ် လင့်တွေကိုလည်း Download မလုပ်မီ အရင် စစ်သင့်ပါတယ်။ မစစ်ပဲ Download လုပ်ပီးပါလာရင်
 အနှောက်အယှက်ဖြစ်တာပေါ့ဗျာ

အကြံပြုချက်လေး
အသုံးပြုနေရင်း စက်က ပုံမှန်ထက် ပိုလေးလာသည်ဖြစ်စေ၊ File တွေ Software တွေ ဖွင့်ရတာ အနှောက်အယှက် တစ်ခုခု ဖြစ်လာရင် MSD (or other antivirus) update ဖြစ်နေသော Software ဖြင့် Full Scan စစ်စေချင်ပါတယ်။ အချိန်ပေးရသလို တကယ်လည်း ထိထိရောက်ရောက် ရှာပေးပါတယ်။ နောက်တဆင့် Malwarebytes နဲ့လည်း Scan စစ်ပေးပါ။ အားလုံးစစ်လို့ပြီးရင် Compuer ကို Restart ချပေးပါ။ ပြီးရင် CCleaner နဲ့ Clean လုပ်ပေးပါ။ (Virus effect ကြောင့် error ဖြစ်နိုင်သဖြင့်) CCleaner နဲ့ Registry Error ကိုလဲ ရှင်းပေးပါ။ အားလုံးပြီးပြီဆိုရင် Computer ကို Restart ပြန်လုပ်ပေးပါ။

credit to...
ဤ post လေးဖန်တီးဖြစ်အောင် အသိပညာလေးရစေခဲ့သော မိုး(နည်းပညာများ) ကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment