Saturday, April 5, 2014

Uninstaller Pro လေးဆောင်ထားပါ ခင်ဗျာ

Uninstaller Pro
Your Uninstaller! PRO 7.5.2014.03 Full Serial Key
Your Uninstaller ဆိုတာလေးကတော့ သိတဲ့သူလဲသိပြီးသားဖြစ်မှာပါ … ကွန်ပြူတာမှ အသုံးမပြုတော့တဲ့ Software တွေကို Uninstall လုပ်ပေးတဲ့ software လေးပဲဖြစ်ပါတယ် … Software များကို uninstall ပြုလုပ်လို့ရတဲ့အပြင် Startup Manager, Disk Cleaner, Start Menu, Trace Eraser, File Shredder များအပြင် Windows Tools ပေါင်းများစွာကို Software တစ်ခုထဲနဲ့ အလုပ်ပေးသွားမှာဖြစ်ပါတယ်။ Software uninstall များလုပ်ရာတွင်လဲ မြန်ဆန်စွာအသုံးပြုနိုင်ပါတယ်။ အသုံးပြုသူများက update ပေါ့ဗျာ … အသုံးမပြုသေးများကတော့ Software အသစ်တစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ …
Download 2
အားလုံး အဆင်ပြေ ချမ်းမြေ့ပါစေဗျာ..။

Gmail အကောင့် ကြိုက်သလောက် ဖွင့်နည်း


gmail
ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ  .. ကြာလာတော့ ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိတယ် … :P
အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
0
၁။ www.gmail.com ကိုသွားပြီး Create Account ကိုနှိပ်ပါ …
1
၂။ အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ) Your current email address နေရာမှာ ဘာမှမထည့်လဲရပါတယ် … Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ ..
Name -
Choose  your username -
Create a password -
Confirm Your Password -
Birthday -
Gender -
Mobile Phone – united States (+1) ရွေးရန်
Your current Email – ဖြည့်ရန်မလိုပါ
Prove you’re not a robot -
Location – united States
I aggree to the Google Box လေးကို On ပါ
3
ဖြည့်စရာတွေဖြည့်ပြီးပါက Next Step နဲ့မသွားပါနဲ့အုန်း။ ဖုန်းနာပတ်ဖြည့်ရပါအုန်းမယ် … US ဖုန်းနာပတ် တစ်လုံး ကို အလွယ်တစ်ကူ ရယူနိုင်ပါတယ် …
၎။ Browser မှ New Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ .. http://www.pinger.com/tfw/ ကိုသွားပါ … အောက်ပါပုံအတိုင်းမြင်တွေ့ရပါလိမ့်မည်။ ထိုမှ Sign up FREE ကို နှိပ်ပါ …
4
၅။ Username နဲ့ Password နေရာမှာ ကြိုက်တာထည့်နိုင်ပါတယ် … Email နေရာမှာတော့ … မိမိရှီပြီးသား mail လိပ်စာ ဖြစ်စေ … မိမိမှာ mail မရှီသေးလဲ ကြိုက်တာရိုက်ထည့်နိုင်ပါတယ် … ဥပမာ – unname@gmail.com (တစ်ခုခုပေါ့ဗျာ)။ I agree to the ဆိုတဲ့ Box လေးကို On ပါ။ Security Code ဆိုတဲ့နေရာမှာ ဖော်ပြတဲ့ စာတွေကိုပြန်ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ Create ပေါ့ဗျာ …
4-6-2014 10-56-45 AM
၆။ Zip Code နေရာမှာ 12345 ထည့်လိုက်ပါ … တစ်ခြား ဂဏန်းတွေလဲရတော့ရတယ် … Error များလို့ပါ … 12345 ကတော့ ပိုမို လျှင်မြန်စွာ အလုပ်ပြီးမြောက်စေပါတယ် … ဖြည့်စရာရှီတာ ဆက်ဖြည့်ပြီး Find ကိုနှိပ်ပါ။
4-6-2014 10-53-09 AM
၈။ မိမိ စိတ်ကြိုက် ဖုန်းနာပတ်တစ်လုံးကိုရွှေးပြီး Confirm နှိပ်ပါ။
4-6-2014 10-54-14 AM
၉။ Message တစ်ခုပါပြပါလိမ့်မယ်။ ထိုအခါ cancel ကို နှိပ်ပေးပါ။ Ok နှိပ်မိပါက မိမိရွှေးချယ်သော ဖုန်းနာပတ်သည် အသုံးပြု၍ ရမည်မဟုတ်တော့ပါ။
4-6-2014 10-54-46 AM
၁၀။ ထိုအခါ Login ဝင်ပြီးသား View ကိုတွေ့ရပါလိမ်မယ်။ ထိုအခါ Options ကိုနှိပ်လိုက်ပါ … ပုံအတိုင်းမြင်ရပါလိမ့်မယ်။ ထိုအခါ မိမိ ရွှေးချယ်လိုက်သော ဖုန်းနာပတ်ကို Gmail အကောင့်ဖွင့်ရာတွင်အသုံးပြုနိုင်ပါပြီ။ ဖုန်းနံပါတ်ထကဲ 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ ..
4-6-2014 10-55-32 AM
၁၁။ Gmail ဖွင့်နေသော tab ကိုပြန်သွားပြီး Mobile phone နေရာမှာ Copy ကူးယူလားသော ဖုန်းကိုထည့်ပေးလိုက်ပါ … ပြီးရင် Next Step ဆိုရင်တော့ အကောင့်ဖွင့်လို့ရသွားပါမည်။
1
အဆင်ပြေစွာ Gmail အကောင့်ဖွင့်နိုင်ကြပါစေခဗျာ …

Wednesday, March 26, 2014

ကွန်ပြူတာမှ ပြသနာများ ဖြေရှင်းခြင်း pdf - E book လေးပါ ခင်ဗျာ

ဆရာ ဥာဏ်ကြွယ် ရေးထားတဲ့ ကွန်ပြူတာမှ ပြသနာများ ဖြေရှင်းနည်း စာအုပ်လေးပါ ခင်ဗျာ
ကွန်ပြူတာ အသုံးပြုတိုင်း မဖြစ်မနေ တွေ့ကြုံရမည့် ကွန်ပြူတာရဲ့ ပြသာနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းနည်းများ ပါဝင်ပါတယ် ခင်ဗျာ
သူငယ်ချင်းများ ဗဟုသုတများ တိုးပွားပြီး အခက်အခဲများ ကျော်လွားသွားနိုင်စေရန် ရည်ရွယ်ပါတယ် ခင်ဗျာ

စာအုပ်လေးကို ဒီမှာ ဒေါင်းပါ ခင်ဗျာ

အဆင်ပြေ ချမ်းမြေ့ကြပါစေ ခင်ဗျာ...။

Windows 7 တင်ပြီးလျှင် လုပ်ဆောင်ရမည့် အချက်များကို pdf - e book လေးဖတ်ပြီး လုပ်ကြည့်ရအောင်



Windows 7 တင်ပြီးလျှင် ဘာတွေ ချိန်ညှိ ပြုလုပ်ရမလဲဆိုတာကို အခုအောက်က Download link လေးကနေ ဒေါင်းလိုက်ပြီး လုပ်ကြည့်ရအောင် ခင်ဗျာ...။ အထူးသဖြင့် အခြေခံလေ့လာသူများအတွက် ရည်ရွယ်ပါတယ် ခင်ဗျာ...။

ဟုတ်ကဲ့... ဒီမှာ ဒေါင်းပါ ခင်ဗျ ။

အဆင်ပြေချမ်းမြေ့ပါစေ...


windows 7 ကို activator မသုံးပဲ active ဖြစ်အောင်လုပ်နည်း

အရင်ဆုံး Run Box ကိုခေါ်ဖို့ window key + R  ကိုတွဲနိုပ်ပါ..။
ပေါ်လာတဲ့ box လေးမှာ cmd ဟုရိုက်ပြီး Enter ခေါက်ပါ ခင်ဗျာ..။
ပေါ်လာတဲ့ cmd box ထဲမှာ အခုလို SLMGR -REARM ဟုရိုက်ပြီး Enter ခေါက်ပါ ။
ဒါဆိုရင်တော့ သင့် Windows7 ဟာ Genuine ဖြစ်သွားပါပြီ ခင်ဗျာ..။အဆင်ပြေ ချမ်းမြေ့ကြပါစေ ခင်ဗျာ..။

နည်းပညာလောကထဲက ပုရွက်ဆိတ်လေး

Thursday, February 20, 2014

Android Phone ပျောက်သွားလား? ဒီနည်းတွေနဲ့ ရှာပါ

http://www.tricksdunya.com/wp-content/uploads/2013/11/lost-android.jpeg


Android Phone ရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ Apps တွေများစွာရှိသလို Google က သူ့ရဲ့ ကိုယ်ပိုင် Find My Phone Feature ဖြစ်တဲ့ Android Device Manager ကို Android Phone တွေမှာ မကြာမီ က ထည့်သွင်းပေးခဲ့ပါတယ်။ Google ရဲ့ Find My Phone Feature ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် ဖုန်းရဲ့ တည်နေရာ ကို ခြေရာခံနိုင်သလို၊ ဖုန်းကို Lock လုပ်တာ၊ ဖုန်းမှာသိမ်းထားတဲ့ အရေးကြီးဒေတာတွေကို Wipe လုပ်တာတွေကို Google အကောင့်ကို အသုံးပြုပြီးပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Google ရဲ့ Find My Phone Feature က ဖုန်းမပျောက်ခင် ကြိုတင် Set Up လုပ်ထားရတာဖြစ်ပါတယ်။ Google ရဲ့ Find My Phone Feature ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို ဖုန်းမှာ အင်စတောမလုပ်ထားမိဘူးဆိုရင်လည်း သင့်ဖုန်းကို ပြန်ရှာနိုင်တဲ့ အခွင့်အရေးတော့ ရှိပါသေးတယ်။
 

တစ်ခုမှတ်ထားရမှာက ပျောက်သွားတဲ့ သင့်ဖုန်းဟာ WiFi ဒါမှမဟုတ် Mobile Connection တစ်ခုခုကို ချိတ်ဆက်နေမှသာ ဖုန်းရဲ့တည်နေရာ ကိုခြေရာခံနိုင်တာတွေ၊ Lock , Wipe လုပ်တာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။


Android Device Manager
----------------------------
Google က Android Device Manager ကို Android 2.2 နဲ့ သူ့အထက်ကဖုန်းတွေအားလုံးမှာထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ Android Device Manager ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ သလို သီးခြား အကောင့်တွေလည်းပြုလုပ်စရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပါ။ သင့် Google အကောင့်နဲ့ Sign In ၀င်ပြီး ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာနိုင်ပါပြီ။ Android အသုံးပြုသူတော်တော်များများ အတွက်တော့ Google ရဲ့ ၀န်ဆောင်မှုက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။


Android Device Manager ကို အသုံးပြုဖို့အတွက် သင့်ဖုန်း က App Drawer ကိုဖွင့်ပြီး Google Settings App ကို ဖွင့်ပါ။ Android Device Manager ကို တစ်ချက်နှိပ်ပါ။ “Remotely locate this device” Option မှာ အမှန်ခြစ်ပေးပါ။ Lock , Factory Reset စတာတွေပါပြုလုပ်ချင်ရင် “Allow remote lock and factory reset” မှာ အမှန်ခြစ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်း မှာ Android Device Manager ကို Set Up လုပ်ပြီးပါပြီ။


သင့်ဖုန်းပျောက်သွားခဲ့ရင် www.google.com/android/devicemanager ၀က်ဆိုက်ကိုသွား ပြီး ဖုန်းတည်နေရာကို မြေပုံမှာ ရှာဖွေနိုင်ပါတယ်။ ဖုန်းက အနီးအနားမှာပျောက်နေတယ်လို့ယူဆရင် Ring သံမြည်အောင် ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို Lock ချနိုင်သလို သင့်ရဲ့ အရေးကြီး ဒေတာတွေကို ဖျက်ပစ်ဖို့အတွက် Erase ကို အသုံးပြုနိုင်ပါတယ်။


Android Device Manager ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို အင်စတော မလုပ်ထားမိရင်
----------------------------------------------------------------------------
သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင် ဒါမှမဟုတ် တစ်ခြား Tracking App တွေကို အင်စတော မလုပ်ထားမိဘူးဆိုရင် လည်း သင့်ဖုန်းကိုပြန်ရှာနိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီး မှ Tracking App တစ်ခုကို Google Play Store ကနေ Remote Install ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ Android အတွက် Tracking App တွေများစွာရှိပြီး သင့်ဖုန်းနဲ့ Compatible ဖြစ်တဲ့ App ကို Google Play Store မှာရှာပြီး Remote Install ပြုလုပ်နိုင်ပါတယ်။ နာမည်ကြီးတဲ့ Tracking Apps တွေက Android Lost, Lookout Plan B , Prey, Cerberus စတာတွေအပြင် Google Play Store မှာ များစွာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ Android Lost ကို သုံးပါမယ်။Android Lost က android 2.2 နဲ့ သူ့အထက်ကဖုန်းတွေမှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့  အဆင်ပြေပါတယ်။ 


Android Lost
----------------
Google Play Store မှာ Android Lost ကို အင်စတောလုပ်ပါ။ ။ သင့်ဖုန်းနဲ့ Incompatible ဖြစ်တယ်လို့ Message ပြရင် VPNium ,TunnelBear,Ultrasurf တို့ လို Proxy ကျော်တဲ့ ဆော့ဝဲသုံးပါ။


အင်စတောလုပ်ပြီးရင် တစ်ခြားဖုန်း တစ်ခု ကနေ သင့်ဖုန်းကို androidlost register လို့ ရိုက်ပြီး Message ပို့ ပေးပါ။ 


ပြီးရင် www.androidlost.com ၀က်ဆိုက်ကို သွားပြီး Google Account နဲ Sign In ၀င်ပါ။ သင့်ဖုန်းကို Map မှာရှာနိုင်တာတွေ ၊ Lock လုပ်နိုင်တာတွေ ၊ Wipe လုပ်နိုင်တာတွေ၊ Front Facing Camera ကနေ ပုံရိုက်ပေးတာတွေ၊ SD Card ကို Wipe လုပ်တာတွေ ၊ Alarm မြည်အောင်လုပ်နိုင်တာတွေ စတာတွေကို ပြုလုပ်နိုင်ပါတယ်။



သင့်ဖုန်း မှာ Android Lost ကို Remote Install လုပ်ဖို့ နဲ့  Register လုပ်ဖို့  သင့်ဖုန်းမှာ Google Account ရှိရပါမယ်။ သင့်ဖုန်း Power On နေရပါမယ် ။ သင့်ဖုန်းမှာ ကွန်နက်ရှင်ရှိနေရပါမယ်။ အောက်ကပုံမှာလို သင့် ဖုန်း က Register လုပ်တာကို စောင့်နေပါတယ် ဆို တဲ့ Message ပေါ်နေရင်တော့ Register လုပ်ပြီးတဲ့အထိစောင့်ပေးပါ။ Play Store ကနေ Remote Install မကြာခဏပြန်လုပ်ပေးပါ။ SMS ပို့ ပြီး Register မကြာခဏပြန်လုပ်ပေးပါ။



ဘယ်နည်းကို အသုံးပြုရမလဲ?
-----------------------------
Android Device Manager
-----------------------------
Android Device Manager ဟာ Google ရဲ့ အခမဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် Android Device Manager မှာ Advanced Feature တွေမပါရှိပါဘူး။ သာမာန်အသုံးပြုသူတွေအတွက်တော့ တစ်ခြား Tracking Apps တွေကို Download, Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။


Android Lost နဲ့ တစ်ခြား Tracking Apps များ
------------------------------------------------
သင့်ဖုန်းပျောက်သွားပြီးမှ ဖုန်းကိုခြေရာခံချင်ရင်တော့ Android Lost နဲ့ တစ်ခြား Apps တွေကို Remote Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာလည်း Tracking App တွေကို စမ်းသပ်အသုံးပြုကြည့်ပြီး သင့်ဖုန်းနဲ့ အဆင်ပြေတဲ့ အကောင်းဆုံး App တစ်ခုကို ရွေးချယ် အင်စတော ပြုလုပ်ထားရင်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

Wednesday, February 19, 2014

ANDROID ဖုန်းတွေမှာ MEMORY အလိုအလျောက်ပြည့်လာတာကို ဖြေရှင်းဖို့နည်းလမ်း တစ်ခု




4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း 
ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် ။
 2.3 တွေတော့မမှတ်မိတော့ဘူးဗျ ခွင့်လွှတ်ပေးပါ 
အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် 
တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder 
ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ 
 အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် 
ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက
 ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6 
Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage 
ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် 
ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ 
ကိုယ်လိုလူတွေအများကြီးတွေ့တယ်ဗျ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia
 folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file 
အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ 
အဆင်ပြေတဲ့နည်းလေးတွေ့တယ်ဗျ အဲ့ဒါကတော့ root explorer နောက်ဆုံး 
ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး 
gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot 
ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ 
ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ 
ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး 
စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် 
ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး 
ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ 
thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ 
ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data 
အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ 
အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb 
ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော် 
သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ အဆင်မပြေသူများရှိရင် စိတ်မကောင်းပါဘူး
ROOT EXPLORER  နောက်ဆုံးဘားရှင်းမရှိသေးရင်ဒီအောက်မှာဝင် ဒါင်းပါ

 
MILOSHARE [ 2.3 MB ]